Episodios

  • ကိုယ်ဝန်ဆောင်ခြင်းငန်းခွင်ဝင်နေသော မိခင်လောင်းများ (Part-2)
    4 m
  • ကိုယ်ဝန်ဆောင်ကာလအတွင်း ဝမ်းချုပ်ခြင်း
    May 19 2025

    ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်ရတဲ့ အကြောင်းရင်းက ဘာလဲ?

    ကိုယ်ဝန်ဆောင်ကာလမှာ သင့်ခန္ဓာကိုယ်ဟာ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများစွာကို ကြုံတွေ့ရပါတယ်။ ကိုယ်ဝန်ဆောင်စဉ် ဝမ်းချုပ်ခြင်းကလည်း အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ရ ပါတယ်။ ထို အကြောင်းတရားများထဲမှ အနည်းငယ်ကို ဒီစာစုမှာ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ကိုယ်ဝန် ကာလမှာ ထွက်တဲ့ ဟော်မုန်းတွေဟာ အူလမ်းကြောင်းလှုပ်ရှားမှုတွေကို ထိခိုက်စေပါတယ်။ အူလမ်းကြောင်း လှုပ်ရှားမှု နှေးကွေးစေတဲ့ အကြောင်းရင်းများထဲမှာ ‌ဒီဟော်မုန်းများလည်း ပါဝင်ပါတယ်။

    အူလမ်းကြောင်းမှ ရေစုပ်ယူမှု ကလည်း တိုးလာပါတယ်။ ရေကို လုံလောက်စွာ မသောက်ခြင်းက ဝမ်းချုပ်တာကို ပိုဆိုးစေနိုင်ပါတယ်။ကိုယ်ဝန်ရှိလာတာနဲ့အမျှ သားအိမ်က အရွယ်အစား ကြီးလာပါတယ်။ သားအိမ် အရွယ်အစား ကြီးလာခြင်းကလည်း အူတွေကို ဖိအားဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဝမ်းချုပ်တဲ့ဒုက္ခ တိုးလာနိုင်ပါတယ်။ ဒီလို ရုပ်ပိုင်းဆိုင်ရာ အကြောင်းရင်းများကို ထပ်ပြီး ပံ့ပိုးတာကတော့ သင့်ရဲ့ စိတ်ခံစားမှုနှင့် စိတ်အခြေအနေများ ဖြစ်ပြီး ဒါတွေကလည်း ဝမ်းချုပ်ခြင်းကို တိုးစေပါတယ်။

    Más Menos
    6 m
  • မိခင်နို့တိုက်ကျွေးခြင်းဆိုင်ရာ သိမှတ်ဖွယ်ရာများနှင့် အခက်အခဲများ (အပိုင်း-၂)
    May 19 2025


    မိခင်နို့တိုက်ကျွေးခြင်းသည် ကလေးမွေးဖွားပြီးနောက် ကြီးမားတဲ့ အတွေ့အကြုံတစ်ခု ဖြစ်ပါတယ်။ အတွေ့ အကြုံ မရှိလို့ အမှားပေါင်းများစွာလည်း လုပ်မိတတ်ပါတယ်။ ဤအနုပညာကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်နိုင်စေ ဖို့အတွက် သင့်လျော်တဲ့ အသိပညာတွေ ရှိဖို့လိုပါတယ်။ တဖြည်းဖြည်း လေ့ကျင့် ပေးခြင်းအားဖြင့် သင်ရော ကလေးပါ နို့တိုက်ကျွေးခြင်း အတွေ့အကြုံများ ကောင်းစွာ ရလာမှာ ဖြစ်ပါတယ်။

    Más Menos
    4 m
  • မိခင်နို့တိုက်ကျွေးခြင်းဆိုင်ရာ သိမှတ်ဖွယ်ရာများနှင့် အခက်အခဲများ (အပိုင်း-၁)
    May 19 2025



    မိခင်နို့တိုက်ကျွေးခြင်းဟာ အခက်အခဲများနှင့် စိန်ခေါ်မှုများစွာ ရှိပါတယ်။ အတွေ့အကြုံရလာ‌လေ သက်သက်သာသာ လုပ်နိုင်လာလေ ဖြစ်မှာပါ။ နို့တိုက်နေစဉ်အတွင်း ဖြစ်ပေါ်တတ်သော စိန်ခေါ်မှုများစွာ ရှိပါတယ်။ မှန်ကန်သော အသိပညာသိရှိခြင်းဟာ ဤစိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန် ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။

    Más Menos
    2 m
  • သင့်ရင်သွေးအတွက် ကာကွယ်ဆေးထိုးရန် အချိန်ဇယားအကြောင်း သင်သိလိုသမျှ (Part -1)
    Apr 30 2025

    ကာကွယ်ဆေးထိုးခြင်းသည် သင်ကလေးမွေးသောအခါမှာ မရှိမဖြစ်လိုအပ်တဲ့ အဆင့်တစ်ခုပါ။ ကာကွယ် ဆေးထိုးခြင်းဟာ ရောဂါများစွာကို ကာကွယ်ပေးပါတယ်။ သင့်ကလေးအတွက် ဆရာဝန်ညွှန်ကြားချက် အတိုင်း သင့်လျော်တဲ့ ကာကွယ်ဆေးထိုးရန် အချိန်ဇယားကို လိုက်နာသင့်ပါတယ်။

    သင့်ကလေးကို ကာကွယ်ဆေး မပြတ်အောင် ထိုးကြပါစို့။

    ကာကွယ်ဆေးထိုးခြင်းဟာ သတ်မှတ်ထားတဲ့ ကူးစက်တတ်သော ရောဂါပိုးများနှင့် ရောဂါများကို ကာကွယ် ပေးပါတယ်။ ကာကွယ်ဆေးထိုးနှံခြင်းဖြင့် သင့်ကလေးရဲ့ ကိုယ်ခံစွမ်းအားကို တိုးတက်စေပါတယ်။ ယနေ့ခေတ် အခါမှာ ပိုလီယို နှင့် ဆုံဆို့နာကဲ့သို့ ရောဂါအချို့ဟာ ဖြစ်နှုန်း မရှိတော့ပေမယ့် သင့်ကလေးငယ်ကို ကာကွယ်ဆေး သေချာ ထိုးနှံပေးခြင်းဖြင့် ရောဂါကို ကာကွယ်ပေးတဲ့ ကိုယ်ခံအားစနစ်ကို ဆက်ပြီး တည်ရှိ ကာကွယ်နိုင်နေအောင် ထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်။

    Más Menos
    2 m
  • ကိုယ်ဝန်ဆောင်ခြင်းနှင့်လုပ်ငန်းခွင်ဝင်နေသောမိခင်လောင်းများ (Part -1)
    Apr 30 2025


    ကိုယ်ဝန်ဆောင်ချိန်အတွင်း အလုပ်လုပ်ရသည်မှာ အမျိုးသမီးအချို့အတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်ပါသည်။ ထို့ကြောင့် ကိုယ်ဝန်ဆောင်မိခင်များအတွက် အကျိုးရှိစေမည့် အရာများနှင့် နေ့စဉ်အလုပ်များကို လုပ်ကိုင်ရာတွင်အထောက်အကူဖြစ်စေမည့်အရာများကိုသိရှိသင့်ပါတယ်။

    Más Menos
    2 m
adbl_web_global_use_to_activate_T1_webcro805_stickypopup