Change The Map | မြေပုံကိုပြောင်းလဲပါ | အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များ Podcast Por Change The Map - Myanmar arte de portada

Change The Map | မြေပုံကိုပြောင်းလဲပါ | အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များ

Change The Map | မြေပုံကိုပြောင်းလဲပါ | အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များ

De: Change The Map - Myanmar
Escúchala gratis

Acerca de esta escucha

အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များအား နားထောင်ပြီး လမ်းညွှန်ထားသော ဆုတောင်းချက်များအတိုင်း ဗုဒ္ဓဘာသာကိုးကွယ်သောတိုင်းနိုင်ငံများအတွက် ဆုတောင်းပါ။ အပတ်စဉ်တိုင်းတွင် မတူညီသောဦးတည်ချက်တစ်ခုစီအတွက် ဆုတောင်းကြမည်ဖြစ်သည်။ သင့်မိတ်ဆွေများ၊ မိသားစုဝင်များသာမက အသင်းတော်နှင့်အတူလည်း ပါဝင်နိုင်ပါသည်။

ဆုတောင်းခြင်းအစီအစဉ်အပိုင်းသစ် ထုတ်လွှင့်သည့်အချိန်တိုင်း ဤနေရာတွင် တင်ပေးမည်ဖြစ်ပါသည်။ အပိုင်းသစ်များ လွတ်သွားမည်ကို စိတ်ပူစရာမလိုအပ်ပါ။

ကျွန်ုပ်တို့နှင့်အတူ ဆုတောင်းခြင်း၌ ပါဝင်မှုအတွက် အထူးကျေးဇူးတင်ရှိပါသည်။ သင့်ဆုတောင်းချက်အလွန်အရေးပါကြောင်း ကျွန်ုပ်တို့ ယုံကြည်ပါသည်။

© 2025 Change The Map | မြေပုံကိုပြောင်းလဲပါ | အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များ
Cristianismo Espiritualidad Ministerio y Evangelismo
Episodios
  • ဇူလိုင် ၇: ဇူလိုင်လ၏ ပထမဆုတောင်းခြင်းအစီအစဉ် ခရစ်ယာန်များသည် သာသနာအတွက် နိုးကြားနေစေရန် ဆုတောင်းချက်များ
    Jul 7 2025

    ခရစ်ယာန်များသည် သာသနာအတွက် နိုးကြားနေစေရန် ဆုတောင်းချက်များ

    သဘောပေါက်နားလည်သွားသောအခိုက်အတန့်- ကမ္ဘာတစ်ဝန်းရှိခရစ်ယာန်များသည် ဘုရားသခင်၏နိုင်ငံတော်အတွက် ဝိညာဉ်တိုက်ပွဲကို တစ်ထောင့်တစ်နေရာကနေတိုက်ရန် တာဝန်ရှိကြောင်း သဘောပေါက်နားလည်ရန် ဆုတောင်းပါ။

    အားလုံးမှာတာဝန်ရှိသည်- ဘုရားသခင်၏သာသနာတွင်ပါဝင်ရန် ခရစ်ယာန်တိုင်းအတွက် နေရာရှိကြောင်းနားလည်ရန် ဆုတောင်းပါ။

    ကိုယ်ပိုင်ရင်းနှီးမြှုပ်နှံမှု- ယုံကြည်သူတိုင်းသည် အချိန်၊ ငွေကြေး၊ အစွမ်းအစများနှင့် အရင်းအမြစ်များကို ဘုရားသခင်၏နိုင်ငံတော်အတွက် ပါဝင်ဆက်ကပ်ကြရန် ဆုတောင်းပါ။

    Más Menos
    4 m
  • ဇွန်လ၏ ပဉ္စမဆုတောင်းခြင်းအစီအစဉ် | ကမ္ဘောဒီးယားနိုင်ငံ၏ ဒုက္ခဆင်းရဲခံစားနေရသောသူများအတွက် ဆုတောင်းချက်များ
    Jun 29 2025

    ဇွန်လ၏ ပဉ္စမဆုတောင်းခြင်းအစီအစဉ်
    ကမ္ဘောဒီးယားနိုင်ငံ၏ ဒုက္ခဆင်းရဲခံစားနေရသောသူများအတွက် ဆုတောင်းချက်များ


    စစ်ပွဲကြောင့်ခံစားရသောဒုက္ခဆင်းရဲ: တိုင်းပြည်တွင်း စစ်ပွဲကြောင့် ဆင်းရဲဒုက္ခခံစားနေရသော သူများအတွက် ဆုတောင်းပါ။

    ဆင်းရဲမွဲတေမှု: ဆင်းရဲမွဲတေမှုထဲ၌ အသက်ရှင်နေရသောသူများအား ဘုရားသခင်ထောက်ပံ့ပေးရန်နှင့် ထိုတိုင်းနိုင်ငံများ စီးပွားရေးပြန်လည်ဖွံ့ဖြိုးလာရန်ဆုတောင်းပါ။

    နိုင်ငံရေးဖိနှိပ်မှုများ: ထိုနိုင်ငံများ၌ ငြိမ်းချမ်းခြင်း၊ လွတ်လပ်စွာနေထိုင်နိုင်ခြင်း၊ တရားမျှတခြင်းရရှိရန်ဆုတောင်းပါ။

    Más Menos
    3 m
  • ဇွန်လ၏ စတုတ္ထဆုတောင်းခြင်းအစီအစဉ် | ကမ္ဘောဒီးယားနိုင်ငံ၏ ကလေးသာသနာများအတွက် ဆုတောင်းချက်များ
    Jun 22 2025

    ဇွန်လ၏ စတုတ္ထဆုတောင်းခြင်းအစီအစဉ်
    ကမ္ဘောဒီးယားနိုင်ငံ၏ ကလေးသာသနာများအတွက် ဆုတောင်းချက်များ

    ကလေး ၃၀၀၀ စီရှိသော ကျောင်း၅ကျောင်း: ကလေးတိုင်း ဧဝံဂေလိသတင်းစကားကိုကြားကာ ခရစ်တော်နှင့် ဆက်ဆံရေးပြန်လည်ရရှိစေရန် ဆုတောင်းပါ။

    ဆရာများ: သူတို့သင်ကြားသည့်အခါ ခရစ်တော်ကိုပုံဆောင်သောသူများဖြစ်ရန် ဆုတောင်းပါ။

    မိသားစုများ: ကလေးများ၏အသက်သာတွင် ဘုရားသခင်၏ထင်ရှားပြသခြင်းကို မြင်တွေ့ခြင်းအားဖြင့် မိသားစုများကိုလည်း ဘုရားထံဆွဲခေါ်နိုင်စေရန် ဆုတောင်းပါ။

    Más Menos
    3 m
Todavía no hay opiniones